ကျောက်ပန်းတောင်းမြို့နယ်ထွက် ဖရဲသီးများ ဈေးနှုန်းတွက်ခြေမကိုက်ဖြစ်နေ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ထွက်ကုန်ဖြစ်သည့် ဖရဲသီးများစတင် ဆွတ်ခူးချိန်တွင် ဈေးနှုန်းကျဆင်းနေခြင်းကြောင့် ဖရဲစိုက်တောင်သူများ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း ဂျပန်ဖရဲ(ခေါ်)2.1.1 တံဆိပ်မျိုးအား စိုက်ပျိုးနေသည့် ဖရဲစိုက်တောင်သူများထံက သိရသည်။








