မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊  ၂၄  ဇန်နဝါရီ

လမ်းဘေးရပ်ထားသောယာဉ်အား တိုက်မိ၍ သုံးဘီးဆိုင်ကယ်မောင်းနှင်သူသေဆုံး
မန္တလေး-မိုးကုတ်ကားလမ်း မတ္တရာမြို့နယ် ရေနံ့သာကျေးရွာအနီးတွင် ဇန်နဝါရီ ၂၃ ရက် ည ၉ နာရီခွဲအချိန်က လမ်းဘေးရပ်ထားသောယာဉ်အား တိုက်မိ၍ သုံးဘီးဆိုင်ကယ် မောင်းနှင်သူသေဆုံးသွားကြောင်း သိရသည်။
တန့်ဆည်မြို့နယ်၌ ဆီဘောက်ဆာ ၂ စီး မီးလောင်မှုဖြစ်ပွား၊ အမျိုးသား ၂ ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ အင်ရေအိုးကျေးရွာအနီး ရေဦး-ကလေးဝ ကားလမ်း မိုင်တိုင်(၂၅)၌ ဇန်နဝါရီလ ၂၁ ရက်က ဆီဘောက်ဆာယာဉ် ၂ စီး ဆီဖြည့်ရာမှ မီးလောင်မှု ဖြစ်ပွား၍ အမျိုးသား ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း၊ ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၂ ရက် ညနေ ၅ နာရီတွင် ဟုမ္မလင်းမြို့နယ်၊ နောင်ဖာမူကျေးရွာအုပ်စု၊ ပေကုန်း ကျေးရွာ- မှိုတောက် ကျေးရွာသွားတောလမ်းတွင် ကျော်ရင် မောင်းနှင်ပြီး အိုက်သန်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၀ ဒသမ ၁၆ ကီလို စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀ ကိုလည်းကောင်း၊ 
ဟုမ္မလင်းမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့တွင်  တရားမဝင်သစ်များ ဖမ်းဆီးရမိ
ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ ချက် အရ ဇန်နဝါရီ ၂၀ ရက်တွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊   မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ မှိုတောက်ကျေးရွာအနီး  တရားမဝင် ကညင်သစ် (၇၄ ဒသမ ၃၃၄၀)တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်တွင် မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ ချောင်းထဲထိုးကျ၊ ယာဉ်ပေါ်ပါ အမျိုးသား နှစ်ဦး သေဆုံး
မွန်ပြည်နယ်၊ ရေးမြို့၊ မြသီတာစျေးအနီး ချောင်းထဲသို့ ကားတစ်စီးထိုးကျမှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါအမျိုးသား ၂ ဦး သေဆုံးသွားကြောင်း ရေးမြို့မရဲစခန်းမှ  သိရသည်။