မုဒုံမြို့နယ် ကန်ကြီးရေကန်ထဲသို့ ယာဉ်တစ်စီး နောက်ပြန်ထိုးကျမှုဖြစ်ပွား၊ ထိခိုက်ဒဏ်ရာရသူမရှိ
မွန်ပြည်နယ်  မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ယနေ့နံနက်(၆)နာရီခွဲ ခန့်က မြို့မ(၄)ရပ်ကွက်၊ ကန်ကြီးရေကန်၊ ကန်ပတ်လမ်းတွင် Wish (အနက်ရောင်)ယာဉ် သည် ကားကွေ့ရာမှ ဘရိတ်နှင့် လီဗာမှားနင်းမိ၍ ကန်ကြီးရေကန်ထဲသို့ နောက်ပြန် ထိုးကျသွားကြောင်း သိရှိရသည်။
တန့်ယန်း၊ မုဒုံနှင့် ဟိုပန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် တန့်ယန်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဝေဠုဝန်ကျောင်းခင်းရှန်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကို လည်းကောင်း။
ပြည်ကြီးတံခွန်မြို့နယ်တွင်   ရေခဲသေတ္တာမီးဖြတ်စက်အပူလွန်ကဲရာမှ နေအိမ်(၅)လုံး  မီးလောင်ဆုံးရှုံး
မန္တလေးမြို့  ပြည်ကြီးတံခွန်မြို့နယ် (င)ရပ်ကွက်  အကွက်အမှတ် ညည(၄)၊ မင်းကြီးရန်နောင်လမ်း နှင့် ၅၉(အေ)လမ်းထောင့်ရှိ ခေါင်ရည်ဆိုင်တစ်ဆိုင်တွင် ဇန်နဝါရီ ၁၉ ရက် နံနက် ၃ နာရီ ၅ မိနစ်က ရေခဲသေတ္တာမီးဖြတ်စက်အပူလွန်ကဲရာမှ  မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ်(၅)လုံး မီးလောင်ဆုံးရှုံးခဲ့
ဖားကန့်၊ တနိုင်း၊ ပုသိမ်းကြီးနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၇ ရက် နံနက် ၁၁ နာရီခွဲတွင် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ နန့်ယားကျေးရွာအုပ်စု၊ နန့်ယားကျေးရွာရှိ ...............
မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာ၌ မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာ၌ ဇန်နဝါရီ ၁၈ ရက်နေ့ မွန်းလွဲ  ၁  နာရီ မိနစ် ၅၀ ခန့်က  ဒေါ်ဝင်းနွယ်၏ တစ်ထပ်လူနေအိမ်တွင် မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ..............
ကျိုက်မ​ရော ​မော်လမြိုင်လမ်းမကြီး ထန်းပင်တန်း၌ ကားတစ်စီး အရှိန်လွန်၍ ထန်းပင်ဝင်တိုက်မှုဖြစ်ပွား
​မော်လမြိုင် ကျိုက်မ​ရောသွားကားလမ်း ​ခြောက်မိုင်ထန်းပင်တန်းအနီးတွင် ဇန်နဝါရီ ၁၈ ရက် နံနက် ၉ နာရီက အုတ်များသယ်​ဆောင်လာ​သော ​ထော်လာဂျီယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ထန်းပင်ဝင်တိုက်ကာ တိမ်း​မှောက်ခဲ့​ကြောင်း သိရသည်။