ကချင်ပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ်တွင် မီးလောင်မှုဖြစ်စဉ် (၇၇)ကြိမ် ဖြစ်ပွားခဲ့ကာ ၂၀၁၉ ခုနှစ် မီးလောင်မှု ဖြစ်စဉ်များထက် လျော့နည်းကာ လူသေဆုံးမှုနှင့် ဆုံးရှုံးမှုလည်း လျော့နည်းခဲ့ကြောင်း ကချင်ပြည်နယ် မီးသတ်ဦးစီး ဌာန ဒုတိယပြည်နယ်ဦးစီးဌာနမှူး ဦးမျိုးထွဋ်ဦးထံမှ သိရသည်။