သထုံမြို့နယ် မြေနီကုန်းကျေးရွာ၌ ရော်ဘာသိုလှောင်ရုံ မီးလောင်၊ ရော်ဘာပြား ပေါင် ၂၀၀၀ ခန့် ပျက်စီးဆုံးရှုံး
သထုံမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးအရှေ့ဘက်ခြမ်း မြေနီကုန်းကျေးရွာ (အ.မ.က)အနောက်ဘက်ရှိ ရော်ဘာသိုလှောင်ရုံတွင် ဒီဇင်ဘာ ၂၅ ရက် နံနက် ၂ နာရီ ခန့်က (၅)နာရီကျော်ကြာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သထုံခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။






