ဂန့်ဂေါမြို့နယ်၌ သုံးဘီးဆိုင်ကယ် တိမ်းမှောက်မှုကြောင့် ၃ ဦး သေဆုံး၊ ၁၃ ဦး ဒဏ်ရာရ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ဂန့်ဂေါ-ကလေးကားလမ်း မိုင်တိုင်အမှတ် (၁၁/၆-၇)ကြား၌ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်က သုံးဘီးယာဉ် တိမ်းမှောက်မှုကြောင့် သုံးဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။






