သံဖြူဇရပ်၊ နောင်ချိုနှင့် မူဆယ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃၀ ရက် ညနေပိုင်းတွင် သံဖြူဇရပ်မြို့နယ်၊ ဝဲဝင်ကရာကျေးရွာအုပ်စု၊ သက္ကောကျေးရွာအနီး၊ သံဖြူဇရပ်-ဘုရားသုံးဆူသွား ကားလမ်းတွင် ဖားသွတ် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၇၅၀ နှင့် မြန်မာငွေကျပ်သိန်း ၃၀၊ ဘိန်းစာရွက်(အစို) ၅ ဒသမ ၅ ကီလိုတို့ကိုလည်းကောင်း ၊
အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များ အရေးယူမှု
အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၂၉ ရက်နေ့ ညနေ ၅ နာရီမှ အောက်တိုဘာ ၃၀ ရက် ညနေ ၅ နာရီအထိ ယာဉ်စည်းကမ်းစစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရန်ကုန်-မန္တလေးအမြန်လမ်း ဖြူးတိုးဂိတ်၌ .....
ဗန်းမော်မြို့၌ ဇနီးဖြစ်သူကို သတ်သည့်ခင်ပွန်းအား ရဲတပ်ဖွဲ့က  ဖြစ်စဉ်အမှန် ဖော်ထုတ်ဖမ်းဆီး
ကချင်ပြည်နယ် ဗန်းမော်မြို့၌ ဇနီးဖြစ်သူကိုသတ်သည့် ခင်ပွန်းအား ရဲတပ်ဖွဲ့က ဖြစ်စဉ်အမှန် ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၅ ဒသမ ၃၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၅ ဒသမ ၃၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို  အောက်တိုဘာ ၂၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပင်လည်ဘူး၊ နောင်ချို၊ တာချီလိတ် မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် ပင်လည်ဘူးမြို့နယ်၊ ပင်လောင်ကျေးရွာအနီး ကားလမ်းတွင် ကျော်မိုးမောင်းနှင်ပြီး တင်ချိုဝင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ .....
တာမွေမြို့နယ်တွင် ဆိုင်ကယ်ဖြင့်လိုက်၍ လုယက်မှုကျူးလွန်သူနှစ်ဦး ဖမ်းဆီးရမိ
အောက်တိုဘာ ၂၅ ရက် ည ၈ နာရီခွဲက တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ (၁၃၇) လမ်း၊ အမှတ်(၂၄)နေ ဒေါ်-----သည် နေအိမ်သို့ပြန်လာစဉ် အမည်မသိအမျိုးသားသုံးဦး နောက်မှဆိုင်ကယ်ဖြင့်လိုက်လာပြီး ၎င်း၏ ဘယ်ဘက်ချိုင်းကြားတွင် ညှပ်ထားသော ငွေကျပ် ဆယ့်တစ်သိန်း သုံးထောင်ကျပ်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပါ ပိုက်ဆံအိတ်အား လုယူထွက်ပြေးသွားသဖြင့် .....