ရှမ်းပြည်နယ်၊ တာချီလိတ် မြို့နယ်၊ မယ်ယမ်းကျေးရွာနေ ဒေါ်အိခက်(၄၂)နှစ်သည် ဇန်နဝါရီ ၁၇ ရက်နံနက် ၇ နာရီခွဲက နေအိမ်အပေါ်ထပ်၌ အိပ်နေစဉ် လျှာထိုးဦးထုပ်များ ကိုယ်စီဆောင်းထားကြပြီး ပါးစပ်တွင် အနက်ရောင်(Mask)များ ၀တ်ဆင်ထားသည့် လူ(၄)ဦး က နေအိမ်သို့ ဝင်ရောက်၍ ၎င်းတို့စီးလာသော CROWN အမျိုးအစား အဖြူရောင်ယာဉ် ပေါ်သို့ အတင်းအဓမ္မခေါ်ဆောင်သွားသဖြင့် ခင်ပွန်းဖြစ်သူ ဦးဟိုက်တိုင်(၅၃)နှစ်က တိုင်တန်းမှုကြောင့် တာချီလိတ် မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက် ခဲ့ကြောင်း။