မရမ်းကုန်းမြို့နယ်၌ လောင်းကစားဂိမ်းဆိုင်များ ဖမ်းဆီးအရေးယူထား
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက် ဘုရင့်နောင်ပွဲရုံတန်း အခန်းအမှတ် (ဂ/၂၇/B) ရှိ Super Top (SS) ဂိမ်းဆိုင်၌ ဧပြီ ၂၉ ရက် ညနေ ၃ နာရီခွဲက ငါးမန်းဂိမ်း လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ တိုင်းတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
ပလက်၀ဒေသခံများအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများသယ်ဆောင်လာသည့် လုပ်ငန်းယာဉ်များနှင့် WFP မှ မော်တော်ယာဉ်များအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က နှောင့်ယှက်ပစ်ခတ်

AAအကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ခြောက်ဘီးယာဉ် တောင်ကမ်းပါးဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ရာ လူလေးဦးသေဆုံး
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကုန်းပြင်အုပ်စုအတွင်းရှိ ငထူကြောသို့ ဧပြီ ၂၉ ရက်နေ့ညက သွားရောက်စဉ် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး လူလေးဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဆိုင်ကယ်ခိုးယူသူ သုံးဦးနဲ့  ဆိုင်ကယ် ၁၂ စီးခိုးမှုအား မင်းဘူးမြို့မရဲစခန်းမှ  စစ်ဆေးဖော်ထုတ်နိုင်ခဲ့
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ မင်းဘူးမြို့တွင် ဆိုင်ကယ်ခိုးယူသူ သုံးဦးနဲ့ ဆိုင်ကယ် ၁၂ စီးခိုးမှုအား စစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရှိရသည်။
ညောင်ဦးတွင် ညမထွက်ရအမိန့် မလိုက်နာသူ လူငယ် နှစ်ဦးအား ဖမ်းဆီးအရေးယူ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ည ၁၀ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်အား ထုတ်ပြန်ထားရှိရာ ဧပြီ ၂၈ ရက်၊ ည ၁၀ နာရီခွဲခန့်က လှည့်ကင်းဆောင်ရွက်နေစဉ် ညောင်ဦး - မြင်းခြံကားလမ်း ရွှေပြည်နန်း သနပ်ခါးခြံအနီး လမ်းမပေါ်တွင် လူငယ်နှစ်ဦးအားတွေ့ရှိ၍ ထုတ်ပြန်ထားသည့် အမိန့်အား လိုက်နာခြင်းပျက်ကွက်သည့်အတွက် တည်ဆဲဉပဒေဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။