မကွေး-ရေနံချောင်းသွားလမ်း၌ ခရီးသည်တင် မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ
မကွေး-ရေနံချောင်းသွားလမ်း၊ ဒေါင်းနေချောင်းတံတားအနီး မိုင်တိုင်အမှတ် (၃၄၇/ဝ)တွင် ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ရွှေမိတ်သစ်ယာဉ်လိုင်းမှ ခရီးသည်တင် မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။






