တာချီလိတ်၊ လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၆ ရက် ည ၈ နာရီခန့်က တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်(ခ)၊ ဝမ်မိုင်ကျေးရွာ၊ စည်ပင်လမ်းတွင် အောင်အောင် (ခ) ကိုအောင်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ 
မအူပင်မြို့နယ်တွင် အလှဆင်မီးဆိုင်းမှ ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွား ၂ ထပ် နေအိမ်တစ်လုံးနှင့် ဆိုင်ခန်းတစ်ခန်း မီးလောင်ဆုံးရှုံး
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့ အမှတ်(၁၁)ရပ်ကွက်၊ ကမ်းနားလမ်းရှိ သစ်လွင်ထူး မြန်မာ့ထမင်းဆိုင်တွင် မတ် ၂၆ ရက် ည ၈ နာရီအချိန်က နေအိမ်ဈေးဆိုင်အပေါ်ထပ် ဘုရားစင်တွင် ပူဇော်ထားသော အလှဆင်လျှပ်စစ်မီးဆိုင်းမှ ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သာပေါင်း - မကျီးဇင် တောင်ပေါ်ကားလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက် ၁၂ ဦး ဒဏ်ရာရ
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ သာပေါင်း - မကျီးဇင် တောင်ပေါ်ကားလမ်း မိုင်တိုင် ၂၉/ဝ နှင့် ၁ အကြား ကျားခေါင်းကျေးရွာအနီးတွင် မတ်လ ၂၆ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က ခရီးသည်များ တင်ဆောင်လာသည့် ယာဉ်တစ်စီးသည် ကုန်းအတက်၌ နောက်ပြန်လျောကျကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့ရှောင်လမ်းတွင် ဒီဇယ်များတင်ဆောင်ထားသည့် (၂၂) ဘီး ဘောက်ဆာယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်
ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့စုရပ် မြို့ရှောင်လမ်း ပညာဗိမာန်ဘုန်းတော်ကြီးကျောင်း တိုက်ရှေ့ ဆင်ခေါင်းညောင်ပင်ကွေ့အနီးတွင် ယာဉ်မောင်း အိပ်ငိုက်ခဲ့သဖြင့် ဒီဇယ်များ တင်ဆောင်ထားသည့် (၂၂)ဘီး ဘောက်ဆာယာဉ် တစ်စီး လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ 
​အရာတော်မြို့နယ်တွင် ရွှေထည်ပစ္စည်းမျိုးစုံခိုးယူသွားသည့် ပြစ်မှုကျုးလွန်သူများအား ရဲတပ်ဖွဲ့ဝင်များက နာရီပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးအရေးယူထား

တောင်ကြီး၊ ဟိုပုံးမြို့နှင့် မိုင်းတုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
တောင်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၄ ရက် ည ၉ နာရီခွဲက တောင်ကြီးမြို့နယ်၊ တောင်ကြီး - မိုင်းပျဉ်းသွားကားလမ်း၊ နောင်ပင်လယ်တံတားတွင် ရှိန်းဦးထက် မောင်းနှင်ပြီ