ဘုရားဖူးဟိုင်းလတ်ယာဉ်တစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်မှုဖြစ်ပွား
ရှမ်းပြည်နယ် တန့်ယန်းမြို့မှ ဘုရားဖူးရန်သွားသော ယာဉ်အမှတ် SHAN 4C/ --- (ဟိုင်းလတ်)ယာဉ်သည် မတ် ၁၈ ရက် မွန်းလွဲ ၁ နာရီခန့်က တန့်ယန်း- မိုင်းရှူး-မိုင်းစံလမ်း မိုင်တိုင်အမှတ်(၄ဝ/၄)နှင့် (၄၀/၅)ကြား အကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲ ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။







