မလှိုင်မြို့နယ်၌ အစ်ကိုဖြစ်သူမှ ဓါးဖြင့်ခုတ်သဖြင့် ညီဖြစ်သူသေဆုံး

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့မရဲစခန်းနယ်မြေ၌ မတ် ၁၁ ရက် နံနက် ၈ နာရီခွဲခန့်က အစ်ကိုဖြစ်သူမှ အရက်ကြောင် ကြောင်ကာ ညီဖြစ်သူအား ဓါးဖြင့်ခုတ်ခဲ့သဖြင့် ညီဖြစ်သူသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မလိူင်မြို့မရဲစခန်းမှ သိရသည်။
ဥတ္တရသီရိမြို့နယ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံး
နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်တွင် မတ် ၁၀ ရက် မွန်းလွဲ ၃ နာရီခွဲက နေအိမ် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့သည်။
ချောက်မြို့နယ် ဆင်ကကျေးရွာတွင် မီးလောင်မှုဖြစ်ပွား
ချောက်မြို့နယ်၊ ထိန်ကန်အုပ်စု ဆင်ကကျေးရွာတွင် မတ် ၁၀ ရက် ည ၉ နာရီ မိနစ် ၄ဝ ခန့်က ကျေးရွာနေ ဦးရန်ကြီးအောင်၏ နေအိမ် ဘုရားစင်တွင် ဖယောင်းတိုင်မီးပူဇော်ရာမှ နေအိမ်ထန်းရွက်အကာသို့ မီးစတင်လောင်ကျွမ်းရာ နေအိမ် ၁၃ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
နမ္မတီး၌ ဆိုင်ကယ်ပျောက်ဆုံးမှု စုံစမ်းဖော်ထုတ်ရာမှ ဆိုင်ကယ်ခုနစ်စီး သိမ်းဆည်းရမိ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့၌ မတ် ၁၀ ရက် နံနက် ၁၀ နာရီခွဲက ဆိုင်ကယ်ပျောက်ဆုံးသူတစ်ဦး၏ တိုင်တန်းမှုအား စုံစမ်းဖော်ထုတ်ရာမှ ပျောက်ဆုံးသွားသည့် ဆိုင်ကယ်အပါအဝင် ဆိုင်ကယ်ခုနစ်စီး ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း နမ္မတီးနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်လွန်းအောင်ထံမှ သိရသည်။
မိုင်းဆတ်မြို့၌ ကျပ်သိန်းနှစ်သောင်းခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ လွယ်ပါရင်(၂)ကျေးရွာအနီး မိုင်းဆတ်-တာချီလိတ်ကား လမ်းပေါ်မှ ကားတစ်စီးပေါ်တွင် ကျပ်သိန်းနှစ်သောင်းခန့်တန်ဖိုးရှိ
လှိုင်သာယာ စက်မှုဇုန်(၁) ပန်းလှိုင်ဂေါက်ကွင်းလမ်းရှိ ကျူးကျော်အိမ်များနှင့် ဈေးအတွင်းရှိ ဈေးဆိုင်ခန်းများမီးလောင်မှုဖြစ်ပွား
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် စက်မှုဇုန်(၁) ပန်းလှိုင်ဂေါက်ကွင်းလမ်းရှိ ကျူးကျော်အိမ်များနှင့် ဈေးအတွင်းရှိ ဈေးဆိုင်ခန်းများ မတ်လ ၉ ရက် ညနေပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ငဖဲ၊ တာချီလိတ်၊ သိန္နီမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်တပ်ဖွဲ့စု(၁၅)မကွေးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၉ ရက် ညပိုင်းက ငဖဲမြို့နယ်၊ ပဒါန်း(ပျဉ်းဝ)ပူးပေါင်းစစ်ဆေးရေးဂိတ်တွင်