ရေနံချောင်းမြို့နယ် ဥသျှစ်ကုန်းကျေးရွာတွင် ဆိုလာဖြင့်မီးအားသွင်းရာမှ မီးလောင်မှုဖြစ်ပွား
ရေနံချောင်းမြို့နယ် ဥသျှစ်ကုန်းကျေးရွာတွင် မတ် ၃ ရက် မွန်းလွဲ ၃ နာရီက ဆိုလာပြားဖြင့် ဘက်ထရီအားသွင်းရာမှ အပူလွန်ကဲကာ နေအိမ်(၅)လုံးနှင့် နွားတင်းကုတ် (၄)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။







