ချယ်ဆီးကို အနိုင်ယူပြီး အက်ဖ်အေဖလားကို လီဗာပူး ရှစ်ကြိမ်မြောက် ဆွတ်ခူး
အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်အဖြစ် ချယ်ဆီးအသင်းနှင့် လီဗာပူးအသင်းတို့ပွဲစဉ်ကို မေ ၁၄ ရက် ညပိုင်းက ဝင်ဘလေကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ ရာလီဗာပူးအသင်းက ပယ်နယ်တီ အဆုံးအဖြတ်တွင် အနိုင်ရရှိပြီး အက်ဖ်အေဖလားကို အသင်းသမိုင်းတစ်လျှောက် ရှစ်ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။








