ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ရီးရဲမက်ဒရစ်ကို မန်စီးတီး အနိုင်ယူ
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှ ပရီမီယာလိဂ်ကလပ် မန်စီးတီး အသင်းနှင့် လာလီဂါကလပ် ရီးရဲမက်ဒရစ်အသင်းတို့ ပွဲစဉ်ကို ဧပြီ ၂၇ ရက် နံနက်ပိုင်းက အီတီ ဟက်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ အပြန်အလှန်သွင်းဂိုးများနှင့်အတူ လေးဂိုး-သုံးဂိုးဖြင့် မန်စီးတီးအသင်းက အနိုင်ရရှိခဲ့သည်။





