မန်ယူ၊ လီဗာပူး၊ ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ နယူးကာဆယ်အသင်းတို့က လိဒ်ယူနိုက်တက်အသင်း ကွင်းလယ်လူ ကယ်ဗင်ဖီလစ်ကို ခေါ်ယူရန် စောင့်ကြည့်နေ

ပရီမီယာလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ မန်ယူအသင်း၊ လီဗာပူးအသင်း၊ ချယ်လ်ဆီးအသင်း၊ အာဆင်နယ်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ဟာ လိဒ်ယူနိုက်တက်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်  ကစားသမား ကယ်ဗင်ဖီးလစ်ကို စာချုပ်ချုပ်ဆိုခေါ်ယူသွားဖို့ စောင့်ကြည့်မှုတွေပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။
၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲ ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ်မည်
မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စု မဲခွဲပွဲကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
မန်ယူအသင်း ပရီမီယာလိဂ် အမှတ်ပေးဇယားအဆင့် ၄ နေရာတက်လှမ်း
မန်ယူအသင်းဟာ ပရီမီယာလိဂ်ပွဲစဉ် ၂၅ အဖြစ် ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘရိုက်တန်အသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင် ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်အဆင့် ၄ နေရာကို မန်ယူအသင်း တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။
ဘရိုက်တန်ကို အနိုင်ယူပြီး အဆင့် (၄) နေရာတက်လှမ်းလာနိုင်ခဲ့သည့် မန်ယူ

ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် မြန်မာအသင်း ၂၀၂၂ အာဆီယံ ယူ-၂၃ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရ
ဖေဖော်ဝါရီ ၁၄ ရက်မှစ၍ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၂ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃ အသင်းသည် ကိုဗစ်-၁၉ ကူးစက်ခံရမှုများ ကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရသည်။ မြန်မာအသင်းသည် ကိုဗစ်-၁၉ ကူးစက်ခံရသည့် ကစားသမား များရှိနေခြင်း၊ ရောဂါလက္ခဏာ ခံစားနေရသူများရှိနေခြင်းတို့ကြောင့် မလေးရှားနှင့် အုပ်စုပထမပွဲ မကစားမီ နာရီပိုင်းအလိုတွင် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။
ခြေထောက်ဒဏ်ရာရရှိခဲ့သည့်အတွက် လာမည့်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေသည့် ထရစ်ပီယာ
နယူးကာဆယ်အသင်းမှ ခံစစ်ကစားသမားတစ်ဦးဖြစ်သူ ထရစ်ပီယာသည် တနင်္ဂနွေနေ့က  အက်စ်စတွန်ဗီလာအသင်းကို အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် ခြေထောက်ဒဏ်ရာရရှိခဲ့သည့်အတွက် လာမည့် ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေသည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဆီးဂိမ်းပြိုင်ပွဲအတွက် ဖေဖော်ဝါရီလ တတိယပတ် စတင်လေ့ကျင့်မည်
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ဖေဖော်ဝါရီလတတိယပတ်တွင် စတင် လေ့ကျင့်သွားမည်ဖြစ်သည်။