အရှေ့တောင်အာရှနှင့် အာရှဒေသတွင်းအဆင့်မြင့်ဆုံး အားကစားပြိုင်ပွဲနှစ်ခုကို ယခုနှစ်အတွင်း မြန်မာအားကစားအဖွဲ့ ယှဉ်ပြိုင်ရမည်

ယခုနှစ်အတွင်းကျင်းပမည့် အရှေ့တောင်အာရှနှင့် အာရှအဆင့် အဆင့်မြင့်ဆုံးအား ကစားပြိုင်ပွဲနှစ်ခု တွင် မြန်မာအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အရှေ့တောင်အာရှဒေသတွင်း အမြင့်ဆုံးအားကစားပြိုင်ပွဲဖြစ်သည့် ဆီးဂိမ်းပြိုင်ပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယခုနှစ်သို့ ပြောင်းလဲကျင်းပရမည်ဖြစ်သောကြောင့် ၂၀၂၂ ခုနှစ်တွင် ဆီးဂိမ်းပြိုင်ပွဲနှင့် အာရှအားကစားပြိုင်ပွဲတို့ကို မြန်မာအားကစားအဖွဲ့အနေဖြင့် ပထမဆုံးအကြိမ် တစ်နှစ်အတွင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲ ဆုပေးပွဲကို ဖေဖော်ဝါရီ  ၁ ရက် နံနက်ပိုင်းတွင် လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် (အင်းယားကန်)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်း နိစ်ကို ရှုံးနိမ့်ခဲ့သောကြောင့် ပြင်သစ်ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရ
ပီအက်စ်ဂျီအသင်းနှင့် နိစ်အသင်းတို့၏ ပြင်သစ်ဖလား ၁၆ သင်း အဆင့်ပွဲစဉ်ကို  ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက ပီအက်စ်ဂျီကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းအနေဖြင့် နိစ်အသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီဖြစ်သည်။ အဆိုပါပွဲစဉ်တွင် သာမန်ပွဲ ကစားချိန်အတွင်း ဂိုးမရှိသရေကျနေ၍ ပယ်နယ်တီအဆုံး အဖြတ်ခံယူခဲ့ရပြီး ပယ်နယ်တီအဆုံး အဖြတ်တွင် ငါးဂိုး- ခြောက်ဂိုးဖြင့် နိစ်အသင်းက အနိုင်ရရှိကာ ပြင်သစ်ဖလား ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲပြုလုပ်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲကို ဖေဖော်ဝါရီ  ၁ ရက် မွန်းလွဲပိုင်းတွင် အောင်မြေသာစံမြို့နယ် ၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးရှေ့၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ မန္တလေးမြို့တော်ဝန်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အာဖရိကနိုင်ငံများဖလား ဆီမီးဖိုင်နယ်သို့ ဘာကီနာဖာဆို၊ အိမ်ရှင် ကင်မရွန်းအသင်းတို့ တက်လှမ်း
အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှ ဘာကီနာဖာဆိုအသင်းနှင့် တူနီးရှားအသင်း တို့ပွဲစဉ်ကို ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဘာကီနာဖာဆိုအသင်းက တစ်ဂိုး -ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းသွားပြီဖြစ်သည်။
၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ မြန်မာအပါအဝင် ၂၄ သင်း ယှဉ်ပြိုင်မည်
အာရှဘောလုံးအဖွဲ့ချုပ်က ကျင်းပမည့် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို မြန်မာအပါအဝင် အသင်းစုစုပေါင်း ၂၄ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု လှေလှော်ကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်