ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲနှင့် အာရှပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် မြန်မာနိုင်ငံပိုက်ကျော်ခြင်း အားကစား အဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်
မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်သည် ဗီယက်နမ် နိုင်ငံတွင်ကျင်းပမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲနှင့် တရုတ်နိုင်ငံတွင် ကျင်းပမည့် အာရှပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအဖွဲ့ချုပ်ကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးအားကစားဝင်း အတွင်း ရှိမြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက ကျင်းပသည်။








