ပန်းသခင် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်သော ဒါရိုက်တာ အကယ်ဒမီ ထွန်းအောင်ဇော် ရိုက်ကူးတင်ပြထားသည့် ``သောင်းတိုက်က ကြားစေသား´´ ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြို မိတ်ဆက်ပွဲအဖြစ် အဆိုပါရုပ်ရှင် ဇာတ်ကားကို ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန်မြို့ရှိ သမ္မတ အဆင့်မြင့် ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်မှ စတင်ကာ တစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင် ရုံကြီးများတွင် ပြသသွားမည်ဖြစ်သည်။