ရေဘေးသင့်ဒေသသို့ လှူဒါန်းမည့် "နှင်းဆီလှေ" အငြိမ့် ဖျော်ဖြေပွဲအကြောင်း မီဒီယာရှင်းလင်း
သဘာဝဘေးဒဏ် ခံစားရသော ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအဖြစ် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၏ နှင်းဆီလှေအငြိမ့် ဟု အမည်ပေးထားသော အငြိမ့်ဖျော်ဖြေပွဲကို အောက်တိုဘာ ၄ ရက်တွင် ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်ဝင်း အတွင်းရှိ Yangon Convention Centre ၌လည်းကောင်း၊ အောက်တိုဘာ ၅ ရက်တွင် မန္တလေးမြို့ အမျိုးသားဇာတ်ရုံ၌ လည်းကောင်း ကျင်းပမည်ဟု သိရ




