မြင်းမူမြို့နယ် ရွှေရတုတိပိဋကစက္ခုပါလ အခမဲ့မျက်စိစမ်းသပ်ကုသပေးသည့် ဆေးရုံတွင် အနယ်နယ် အရပ်ရပ်မှ မျက်စိဝေဒနာရှင်များ နေ့စဉ်လာရောက်ပြသ
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာတွင် ထီးဆောင်းဆရာတော် ဘဒ္ဒန္တ ဝံသာပါလာလကာၤရ တည်ထောင်ဖွင့်လှစ်ကုသပေးလျက်ရှိသော စက္ခုပါလ အခမဲ့မျက်စိကုသပေးလျက်ရှိသည့် ဆေးရုံတော်ကြီးတွင် အနယ်နယ်အရပ်ရပ်မှ မျက်စိဝေဒနာရှင်များ လာရောက်စမ်းသပ်မှု ခံယူလျက်ရှိကြောင်း သိရသည်။








