မန္တလေးမြို့မှ လက်ရာမြောက် ကြေးစည်တော်နှင့် နတ်ရုပ်ကြီးနှစ်ရုပ် 

မြန်မာ့ကြေးထည် ပစ္စည်းများအနက် လက်ရာမြောက်ကြေးစည်တော်နှင့် နတ်ရုပ်ကြီးနှစ်ရုပ်ကို မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် လေ့လာနိုင်သည်။ ကြေးစည်တော်နှင့် နတ်ရုပ်ကြီးနှစ်ရုပ်မှာ  မြန်မာ့ကြေးထည် ပစ္စည်းများထဲမှ လက်ရာမြောက် သမိုင်းဝင်ကြေးထည်ပစ္စည်းများဖြစ်ပြီး .....
လောင်းလုံးမြို့နယ်တွင် ရှေးဟောင်းမြသပိတ်စေတီတော် အုတ်မြစ်တော်စီ မင်္ဂလာနှင့်အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဆင်ပုနစ်ကျေးရွာ၊ မြသပိတ်ကျောင်းဝင်း အတွင်းရှိ ရှေးဟောင်းမြသပိတ်စေတီတော် အုတ်မြစ်တော်စီမင်္ဂလာနှင့် အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း .....
ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ (၁၇၉) ကြိမ်မြောက် ဆွမ်းနှင့်ငွေပဒေသာပင်များ ဆပ်ကပ်လှူဒါန်းပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ကျက်သရေဆောင် ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ (၁၇၉) ကြိမ်မြောက် ငွေပဒေသာပင်နှင့် ဆွမ်းစာရေးတံမဲ ဆပ်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ မင်းကွန်းဒေသမှ ဝါးလက်မှုပစ္စည်းများ ဈေးကွက်အေးနေသော်လည်း ပိုမိုဆန်းသစ်သည့် ဖန်တီးမှုများဖော်ဆောင်
မင်းကွန်းဒေသတွင် ရှေးယခင်ကတည်းက ပန်းချီအနုပညာနှင့်ပေါင်းစပ်ကာ လက်ရာမြောက် ဝါးအနုပညာ ပစ္စည်းများကို ပြုလုပ်ရောင်းချကြသည်။ လက်ရှိ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေချိန် ခရီးသွားလုပ်ငန်း ရပ်နားထားသည့်အတွက် မင်းကွန်းဒေသထွင် ဝါးလက်မှု ပစ္စည်းများ ဈေးကွက် အေးနေသော်လည်း ပိုမိုဆန်းသစ်သည့် ဝါးလက်မှုပစ္စည်းများကို  တီထွင်လေ့ကျင့် လုပ်ကိုင်လျက်ရှိကြောင်း.....
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ပုဂံပလပ်စတစ်ကမ်ပိန်းအဖွဲ့မှ ဦးဆောင် အမှိုက်ကောက်၊ အမှိုက်သိမ်းခြင်းများ ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံ - ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ယနေ့နံနက်ပိုင်းက ပုဂံပလပ်စတစ် ကမ်ပိန်းအဖွဲ့နှင့်အတူ ညောင်ဦးမြို့နယ် အခြေစိုက် အဖွဲ့အသီးသီး ပူးပေါင်းပါဝင်ကာ ပလပ်စတစ်အမှိုက်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း .....
ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး၏ (၁၈) ကြိမ်မြောက် မသိုးသင်္ကန်းရက်ပြိုင်ပွဲအား သတ်မှတ်စည်းကမ်းများအတိုင်း ကျင်းပမည်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့၏ ကျက်သရေဆောင် ဆုတောင်းပြည့်ဘုရားကြီး၏ နှစ်စဉ် ကျင်းပမြဲဖြစ်သော (၁၈) ကြိမ်မြောက် မသိုးသင်္ကန်းရက်ပြိုင်ပွဲကို ယနေ့ည ၇နာရီ တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း .....
အမရပူရမြို့မှ  စိတ်ဝင်စားဖွယ် သမ္ဗုဒ္ဓေစေတီတော်နှင့် သတ္တဌာနဘုရား
မန္တလေးမြို့အနီးရှိ အမရပူရမြို့မှာ သမိုင်းဝင်နေရာများစွာဖြင့် စိတ်ဝင်စားဖွယ်ရာ နေရာတစ်ခုပင်ဖြစ်သည်။ မန္တလေးမြို့ အမရပူရရှိ စာတော်ပြင်အရာရှိ ဦးပညာက အမရပူရမြို့ ကသည်းဈေးမှ   ဈေးကောက်ရငွေများဖြင့် တည်ထားသော သတ္တဌာနဘုရားနှင့် သမ္ဗုဒ္ဓေစေတီလည်း ဘိုးတော်ဘုရား၊ ဦးပေါ်ဦးတို့နှင့် ဆက်စပ်ကာ စိတ်ဝင်စားဖွယ်ပင်ဖြစ်သည်။