အင်းဝ ရှေးဟောင်းယဉ်ကျေးမှုဇုန်မှ စိတ်ဝင်စားဖွယ်ရာ ညောင်ရမ်းခေတ်လက်ရာ စေတီတန်း 

အင်းဝရှေးဟောင်းယဉ်ကျေးမှုဇုန်တွင် စိတ်ဝင်စားစရာ  စေတီပုထိုးများစွာရှိပြီး ကိုဗစ် - ၁၉ ကပ်ရောဂါ မဖြစ်ခင်က နိုင်ငံတကာခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများပြားသည်။ ညောင်ရမ်းခေတ်လက်ရာ စေတီတန်း တည်ရှိရာနေရာသည် အင်းဝတွင် စိတ်ဝင်စားစရာကောင်းပြီး လက်ရာမြောက်သည့် ထူးခြားသော စေတီပုထိုးများစွာရှိသည်။