အီတလီနိုင်ငံ Veneto ဒေသမှ Porto Viro ခရီးသည် (၄)ဦးပါ ကမ္ဘာ့စက်ဘီးစီးအဖွဲ့သည် ယမန်နေ့က ပုဂံ- ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသရှိ တန်ခိုးကြီးဘုရားများဖြစ်သော ရွှေစည်းခုံ၊ အာနန္ဒာ၊ အလိုတော်ပြည့် ဘုရားများသို့ သွားရောက်လေ့လာကြပြီး ညောင်ဦးမြို့၊ သီရိမင်္ဂလာရပ်ကွက်ရှိ ကမ္ဘာ့အကြီးဆုံး သနပ်ခါးပြတိုက်သို့ သွားရောက်လေ့လာကြသည်။