ရန်ကုန် ဒီဇင်ဘာ ၁၄

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ ထာဝရအလင်းတန်း ပရဟိတအသင်း၏ (၁၃)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူက အမှာစကားပြောကြားပြီး နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးစစ်မင်းအောင်က ဂုဏ်ပြုစကားပြောကြားသည်။

 

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမင်းမင်းဦးက ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ ထာဝရအလင်းတန်း ပရဟိတအသင်းဥက္ကဋ္ဌ ဦးနေဝင်းစိုးက ၂၀၁၂ ခုနှစ်မှစတင်၍ ၂၀၂၅ ခုနှစ် ယခုအချိန်ထိ လူမှုကူညီရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး အလှူရှင်များ၊ အသင်းရုံးချုပ်နှင့် ပူးပေါင်းပါဝင်ခဲ့သော အသင်းများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သည်။

 

ယင်းနောက် လူမှုကူညီစောင့်ရှောက်ရေးလုပ်ငန်းများအား အသက်စွန့်ကြိုးပမ်းခဲ့ကြသော မျိုးဆက်သစ်များ၊ အဘက်ဘက်မှ စီစဉ်ဆောင်ရွက်ပေးခဲ့သူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)