ထီးလင်း ၂၅ ဖေဖော်ဝါရီ

 


မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူးပြုလုပ်သည့် နွေစပါးကို ဆန်ခါပိုက်ဖြင့်ပျိုးထောင်ခြင်း ကွင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ တောင်သူ ဦးစိုးဝင်း၏ လယ်မြေကွက်၌ ကျင်းပသည်။

 

a

 

ကွင်းသရုပ်ပြပွဲနှင့်စပ်လျဉ်း၍ "မြေမှန် မျိုးမှန် စိုက်နည်းမှန် ရာသီမှန်အောင်စိုက်၊ ဆိုတဲ့ စိုက်ပျိုးရေးဌာန ဆောင်ပုဒ်နဲ့အညီ တောင်သူတွေ ပညာရအောင်၊ လက်တွေ့စိုက်ပျိုးမှု အသုံးချနိုင်အောင် ကွင်းသရုပ်ပြပွဲကို ပြုလုပ်တာဖြစ်ပါတယ်" ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးခင်ဦးကပြောသည်။

 


အဆိုပါကွင်းသရုပ်ပြပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးဇော်ဇော်မိုးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခင်ဦးနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကံမင်း နှင့် တောင်သူများ၊ ဝါးရင်းချိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်နှင့် တောင်သူ ၄ ဦးတို့ တက်ရောက်ကြသည်။

 

a

 

ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများက နွေစပါးကို ဆန်ခါပိုက်ဖြင့် လက်တွေ့သရုပ်ပြသပျိုးထောင်ပေးပြီး တောင်သူပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

 


(၁၄၄)