ပေကျင်း နိုဝင်ဘာ ၁၅

 

ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းသည် တရုတ်နိုင်ငံသို့ ငါးရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလျက်ရှိသည်။

 

တရုတ်နှင့်ထိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် (၅၀) ပြည့် အထိမ်းအမှတ်အဖြစ် လာရောက်ခြင်းဖြစ်သည်။

 

ထိုင်းဘုရင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မြို့တော်ပေကျင်း ပြည်သူ့ခန်းမကြီး၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

 

တရုတ်သမ္မတ ရှီကျင့်ဖျင်က နှစ်နိုင်ငံ၏ သမိုင်းဝင်သောနေ့ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံကြား ဆက်ဆံရေးစာမျက်နှာသစ်ကို ပူးတွဲရေးသားလိုကြောင်း ပြောကြားခဲ့သည်။

 

ထိုင်းနိုင်ငံအနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ဘုရင်က ရှီအား ပြောကြားခဲ့သည်။

 

ဘုရင်မဟာဝိဇယလောင်ကွန်းသည် နိုဝင်ဘာ ၁၇ ရက်အထိ တရုတ်နိုင်ငံတွင် နေထိုင်ရန် စီစဉ်ထားသည်။ အခမ်းအနားများ တက်ရောက်မည်ဖြစ်ပြီး ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ နေရာများသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်