မိတ္ထီလာ  ၂၄ ဖေဖော်ဝါရီ

 

ထန်းတက်သူနည်းလာခြင်းကြောင့် ထန်းပက်လက် ကုလားထိုင်များ ဈေးတက်လာကြောင်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ရှမ်းတဲကျေးရွာရှိ ထန်းကုလားထိုင် ပြုလုပ်ရောင်းချသူများထံမှ သိရသည်။

 

“ထန်းကြီးလက်နဲ့ ထန်းရိုင်းလက် ဆိုပြီးတော့ ထန်းလက်နှစ်မျိုးရှိတယ်၊ ထန်းကြီးလက်ကတော့ ဗျက်ကြီးတယ်၊ ထန်းရိုင်းလက်က သေးတယ်၊ ထန်းကုလားထိုင်ကို ဗျက်ကြီးတဲ့ ထန်းကြီးလက်နဲ့ ပြုလုပ်တယ်၊ ထန်းလက်ကလည်း နွေရာသီမှာခုတ်တဲ့ ထန်းလက်ကို နေပူခံအခြောက်လှမ်းပြီး ထန်းကုလားထိုင် ပြုလုပ်ရာတွင် ပိုမိုခိုင်ခန့်တယ်၊ ထန်းကုလားထိုင်တစ်လုံး ပြုလုပ်ရာတွင် ထန်းအလက် နှစ်ဆယ်ဝန်းကျင်ကုန်ပြီး လုပ်ရတာ လက်ဝင်တယ်၊ တစ်နေ့ တစ်လုံးသာပြီးတယ်”ဟု ထန်းကုလားထိုင် ပြုလုပ်ရောင်းချသူ ကိုထွန်းမှ ပြောပြသည်။

 

a

 

ယခင်က ရွာမှာ ထန်းတက်သူ (၂၀)ဦးခန့် ရှိသော်လည်း ယခုအခါ ထန်းတက်သူ (၁၀)ဦးခန့်သာ ရှိတော့သဖြင့် ယခင် ထန်းရွက်ကိုသာ ၇၀ ကျပ်မှ ၁၀ဝ ကျပ်အထိပဲ ပေးရပြီး အမိုးအကာအဖြစ် ဝယ်ယူရကာ ယခုအခါ ထန်းရွက်တင်မဟုတ်ဘဲ ထန်းလက်များကိုပါ တစ်လက် ၃၀ ကျပ် ပေးဝယ်နေရကြောင်း ၎င်းက ပြောသည်။

 

ထန်းကုလားထိုင်ကို ထန်းသားချည်းဖြင့် သီးသန့်လုပ်တာရှိသလို ထန်းသားနဲ့ ဝါးရော၍ ပြုလုပ်ရောင်းချသူများလည်း ရှိကြောင်း၊ ထန်းသားချည်းဖြင့် ပြုလုပ်သည့် ကုလားထိုင်များမှာ ဝါးနှင့်ရော၍ ပြုလုပ်သည့် ကုလားထိုင်များထက် ခိုင်ခံ့၍ ဈေးပိုရကြောင်း၊ မနှစ်ကဆို ထန်းကုလားထိုင်တစ်လုံး လေးထောင်ကျပ်ထိ ရောင်းချ၍ ယခုဆိုလျှင် ငါးထောင်ကျပ်အထိ ရောင်းချနေရကြောင်း သိရသည်။

 

ထီလာကိုငယ်လေး 

 

a