ထန်တလန် ၁၃ ဖေဖော်ဝါရီ
စားသုံးရန်မသင့်သည့် အစားအသောက်များ၊ ဆေးဝါးများနှင့် သက်တမ်းကုန် အစားအသောက်များ၊ ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ် ထန်တလန်မြို့ရှိ ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။
ထို့သို့ စစ်ဆေးရာတွင် ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါက်တာဂျိုးဇက်ဗန်ဘွေအုပ် ဦးဆောင်သော အဖွဲ့သည် ထန်တလန်မြို့ပေါ်ရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြို့အတွင်းရှိ အစားအသောက်ဆိုင်များနှင့် ဆေးဆိုင်များအား စစ်ဆေးခဲ့ကြောင်း သိရသည်။
MDN


