ရန်ကုန် နိုဝင်ဘာ  ၁၈

 

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တိုင်းဒေသကြီး ရန်ပုံငွေဖြင့်ဆောင်ရွက်သွားမည့် နဲသမိန်-အောက်ခြံတန်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ 

 

ရှင်းလင်းမှာကြား

 

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (တည်ဆောက်ရေး) ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ  ဦးဇော်မိုးဦး၊  ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ဇော်၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများ က  ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား  သတ်မှတ်အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်သွားရန်နှင့် ကျေးလက်နေပြည်သူများ ကျန်းမာရေး၊  စီးပွားရေး  ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။ 

 

ဇင်မင်းထိုက်(ထန်းတပင်)