ထန်းတပင် ၂၆ ဖေဖော်ဝါရီ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ မှုခင်းများ လျော့နည်းကျဆင်းစေရေးအတွက် သက်ငယ်မုဒိမ်းမှု ပပျောက်ရေး မှုခင်းအသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက ကျွဲကူးကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်သည်။

 

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် တော်လတဲ့နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သောင်းထိုက်စိုးက သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားမှုမရှိစေရန်အတွက် အုပ်ထိန်းသူမိဘများနှင့် ကလေးလူငယ်များ သတိပြုလိုက်နာရန် အချက်များနှင့် မှုခင်းဆိုင်ရာပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာနေပြည်သူ (၇၅)ဦးတို့ကို မှုခင်းများလျော့နည်း ကျဆင်းစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။


    
ဇင်မင်းထိုက်(ထန်းတပင်)