ထန်းတပင် ၂၆ ဖေဖော်ဝါရီ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ရွှေခရုကျရောက်မှုကြောင့် ၂၀၁၈-၂၀၁၉ ခုနှစ် မိုးစပါးရာသီတွင် သီးနှံပျက်စီးသွားသော စိုက်ပျိုးလယ်မြေများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများက ထန်းတပင်မြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ခုနှစ် မိုးစပါးစိုက်ပျိုးရာတွင် ရွှေခရုကျရောက်မှုကြောင့် သီးနှံထိခိုက် ပျက်စီးသွားသော ကျေးရွာအုပ်စု (၂၁)အုပ်စုတို့မှ တောင်သူ (၄၁၁)ဦးတို့၏ စိုက်ပျိုးလယ်မြေ (၂၃၃၀) ဧကအတွက် တစ်ဧကလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၃၃ဝဝဝဝဝ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က တောင်သူများ၏ သီးနှံထိခိုက်ပျက်စီးသွားသော စိုက်ပျိုးလယ်ယာမြေများအတွက် ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


