ကြို့ပင်ကောက်  ၁၁   ဖေဖော်ဝါရီ 

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်း လက်လီ၊လက်ကားရောင်းချ လျှက်ရှိသောဈေးဆိုင်များတွင် ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ကုန်ပစ္စည်း အညွှန်းများကို မြန်မာဘာသာဖြင့် ဖော်ပြနိုင်ရေး အသိပညာပေးလုပ်ငန်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန ပါဝင်သောပူးပေါင်း အဖွဲ့မှ ယနေ့ နံနက်ပိုင်းက အသိပညာပေး ဆောင်ရွက်ခဲ့သည်။

 

6+++++330.......

 

စားသုံးသူများ ဘေးကင်းလုံခြုံရေးအတွက် ကုန်စည်များတွင် သုံးစွဲပုံနှင့် ပတ်သက်သော ညွှန်ကြားချက်များကို မြန်မာဘာသာနှင့် အခြားဘာသာ တွဲလျက်ဖော်ပြရန် စားသုံးသူအကာအကွယ် ပေးရေးဗဟိုကော်မတီမှ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၈) ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

 

63.9+++++

 

အဆိုပါအမိန့်ကြော်ငြာစာသည် စတင်ထုတ်ပြန်သည့်ရက်မှ ၆ လပြည့်သည့်နေ့တွင် စတင်အာဏာ သက်ရောက်မည်ဖြစ်၍ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ ထုတ်ကုန်အညွှန်း အမှတ်အသားများကို မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအစား (၉)မျိုးနှင့် သက်ဆိုင်သော ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ကြရန်၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် တားမြစ်ထားသောကုန်ပစ္စည်းများရောင်းချခြင်းမပြုရန်၊ ဆေးဆိုင်များတွင် တားမြစ်ဆေးဝါးများရောင်းချခြင်း မပြုကြရန်တို့ကို စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစေရေး အတွက် အသိပညာပေးဆောင်ရွက်ခြင်းကို ဆောင်ရွက်ခဲ့သည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)