ရန်ကုန် ၂၂ ဖေဖော်ဝါရီ

မြန်မာနိုင်ငံအဆင့်မြင့်ဂေါက်သီးရိုက်ပညာရှင်များအသင်း ကြီးမှူးကျင်းပမည့် Tour Professional အဆင့် အရည်ချင်းစစ် စာမေးပွဲကို မတ် ၁၄ ၊ ၁၅ ရက်တို့တွင် ရန်ကုန်မြို့ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ကျင်းပမည်ဖြစ်သည်။


ပြိုင်ပွဲဝင်ကစားသမားများသည် နှစ်ရက်ပေါင်းရိုက်ချက် (၁၅၂)ချက်ရရှိပါက လက်ရည်စစ်ပွဲ အောင်မြင် မည်ဖြစ်ပြီး၊ လက်ရည်စစ်ပွဲအောင်မြင်သူများသည် မြန်မာနိုင်ငံအဆင့်မြင့် ဂေါက်သီးရိုက် ပညာရှင်များ အသင်း မန်ဘာအဖြစ် အသိအမှတ်ပြုကာ မြန်မာပြည်တွင်း ပတ်လည် ဂေါက်သီး ရိုက်ပြိုင်ပွဲများတွင် Tour  Pro အဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။


အဆိုပါလက်ရည်စစ်ပွဲ ဝင်ရောက်ဖြေဆိုမည့်သူများသည် မတ် ၁၂ ရက် မွန်းလွဲ ၂ နာရီ နောက်ဆုံးထား၍ ကိုသိန်းတိုးအောင် (ဖုန်း ဝ၉-၄၃၀၈၁၀၃၂)၊ ကိုထွန်းကျော် (ဝ၉-၅၁၉၃၄၂၃) နှင့် မခင်မမအောင် (ဝ၉-၂၆၂၆၀၂၆၃၆)တို့သို့ ဆက်သွယ်စုံစမ်း၍ ပြိုင်ပွဲဝင်ကြေး တစ်ဦးလျှင် ငွေကျပ် (၅၀,ဝ၀ဝ) ပေးသွင်းပြီး စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။


ဖိုးသော်ဇင်