တာချီလိတ် ၁၇ ဖေဖော်ဝါရီ 

 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်း ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျိုင်းလပ်မြို့သို့ ကွင်းဆင်းပြီး ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများကို သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

15

 

ခရိုင်ဆေးရုံအုပ်ကြီး ဦးဆောင်သောအဖွဲ့တွင် အထွေထွေရောဂါအထူးကု၊ သားဖွားနှင့်မီးယပ် အထူးကု၊ အရိုးအထူးကု၊ ခွဲစိပ်အထူးကု၊ သွားဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း (၅၁)ဦး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့တို့ လိုက်ပါခဲ့ကြသည်။ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့က လူနာများအား ကြည့်ရှုအားပေးကာ အိုင်အိုဒင်းဆားနှင့် အာဟာရဓာတ်စာများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

16

 

ယခုကဲ့သို့ ပြည်သူများထံ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် တာချီမြို့ရှိ "မြသဟာ" ပုဂ္ဂလိကဆေးရုံမှ မော်တော်ယာဉ်နှင့် အာဟာရဓာတ်စာများကို ပံ့ပိုးလှူဒါန်း ကူညီပေးခဲ့ကြောင်း၊ ကျိုင်းလပ်မြို့ပေါ် (၃)ရပ်ကွက်အပြင် ပတ်ဝန်းကျင်ကျေးရွာများမှ အထွေထွေရောဂါ ကုသရေးလူနာ (၂၄၀)ဦးအား စမ်းသပ်၊ စစ်ဆေး၊ ကုသမှုပေးခဲ့ကြောင်း သိရသည်။

 

ယာဆေး(ပြန်/ဆက်)