တာချီလိတ်  ၁၅  ဖေဖော်ဝါရီ 

 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး OSS အဖွဲ့သည် မြို့ပေါ်ရပ်ကွက်(၁၁) ရပ်ကွက်သို့ ဖေဖော်ဝါရီ ၁၅ ရက်မှစတင်၍ ပြည်သူအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်/ထူ၊ လျှပ်စစ်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ လယ်စီ/အင်း၊ ကျန်းမာရေး၊ လဝက၊ စည်ပင်သာယာရေးဌာနများပါဝင်သော ပြန်သူ့ဝန်ဆောင်မှုရုံး(One Stop Shop)အဖွဲ့သည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို နံနက် ၁၀ နာရီက ဝမ်ကောင်းရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ”ပြည်သူများ စုပေါင်းရုံးသို့ လာရောက်ရသည့်အခက်အခဲ ဖြေရှင်းပေးသည့်အနေဖြင့် ပြည်သူများရှိရာသို့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။

 

တာချီလိတ်မြို့နယ် OSS အဖွဲ့သည် မြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက်များသို့ ဖေဖော်ဝါရီ ၁၅ ရက်တွင် ဝမ်ကောင်းရပ်ကွက်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ပုန်းထွန်ရပ်ကွက်၊ ၁၉ ရက်တွင် တာလော့ရပ်ကွက်၊ ၂၀ ရက်တွင် မကာဟိုခမ်းရပ်ကွက်၊ ၂၁ ရက်တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ၂၂ ရက်တွင် ဆန်ဆိုင်း(က)ရပ်ကွက်၊ ၂၅ ရက်တွင် မယ်ခေါင်ရပ်ကွက်၊ ၂၆ ရက်တွင် ရန်အောင်မြေရပ်ကွက်၊ ၂၇ ရက်တွင် ဝိန်းကျောက်ရပ်ကွက်၊ ၂၈ ရက်တွင် ပါဆတ်ရပ်ကွက်၊ မတ် ၁ ရက်တွင် ဆေခမ်းရပ်ကွက်တို့ကို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။

 

MDN

 

photo