တာချီလတ် ၁၅ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်၌ တပို့တွဲလပြည့်နေ့ ည ၇ နာရီတွင် ဆီမီးတစ်သောင်း ထွန်းညှိပူဇော်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီက ရွှေတိဂုံစေတီတော်၌ ပြုလုပ်သည်။
အစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မြို့နယ်အတွင်းရှိ ရွှေတာချီ၊ အလင်းရောင်၊ မဇ္ဈိမ၊ မေတ္တာရှင်၊ ဂေါ်ရခါး၊ ကြက်ခြေနီ၊ မီးသတ်စသော လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း


