တာချီလိတ်နှင့် နမ့်စန်မြို့နယ်တို့တွင်မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၂၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဩဂုတ် ၂၃ ရက် ညနေ ၄ နာရီတွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမ ပေါ်တွင် အားဘို မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာ ဖွေရာစိတ်ကြွ ရူးသွပ်ဆေးပြား ၁၀,၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ထိုနေ့ ည ၇ နာရီခွဲတွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ဇော်ထက် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် မျိုးဇာနည်မောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ကို သတင်းအရရှာဖွေရာ စိတ်ပြောင်း ဆေးဝါး(Happy Water) ၁ ဒသမ ၂၅ ကီလိုကိုလည်းကောင်း၊ ထိုနေ့ ညနေ ၄ နာရီခွဲတွင်  နမ့်စန်မြို့နယ်၊ အမှတ်(၅)ကျေးရွာအုပ်စု၊ ကျီးအစ်ကျေးရွာ အနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ နေမျိုး(ခ)ဦးမျိုး ကို စစ်ဆေးရှာဖွေရာစိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား