မိုင်းဖြတ် ၁၄ ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် တာလေမြို့နယ်တွင် မိုင်းဖြတ်မြို့နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာရွှေနှင့်ဝန်ထမ်းများသည် တာလေမြို့၊ မိုင်းလင်းကျေးရွာအုပ်စုအတွင်းရှိ  ဝမ်ကောင်းကျေးရွာတွင် ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၉ နာရီကလည်းကောင်း၊ ဝမ်ကန်ကျေးရွာတွင်  မွန်းလွဲ ၁နာရီကလည်းကောင်း အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

1

 

ရှေးဦးစွာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်စန္ဒာရွှေက ငလျင်ဘေး အန္တရာယ်များဖြစ်ပေါ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ရှင်းလင်းပြော ကြားပြီး ငလျဉ်ဘေးဖြစ်ပေါ်ရာတွင် လက်တွေ့လိုက်နာဆောင်ရွက်စေရန်အတွက် လက်တွေ့လုပ်ဆောင်မှုများကို ဦးစီးမှူးနှင့် အငယ်တန်းစာရေး ဦးအောင်နိုင်ဝင်းတို့က သရုပ်ပြသခဲ့သည်။

 

2

 

ထို့နောက်  တက်ရောက်လာသည့် ကျေးရွာပြည်သူများက သိရှိလိုသည့် အချက်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ  မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာရွှေကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ ကျေးရွာများရှိ ကျေးရွာအုပ်ချုပ်ရေးမှူးထံ အသိပညာပေး မီးဘေးနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ပိုစတာများကိုပေးအပ် ခဲ့ပြီး တက်ရောက်လာသည့် ကျေးရွာသူ၊ ရွာသားများကို ဘေး(၈)မျိုးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

 

ရွှေကို(ပြန်/ဆက်)