နတ်တလင်း စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် တာပွန်အထက်တန်းကျောင်း ရွှေရတုခန်းမ၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲကို စက်တင်ဘာ ၂၄ ရက်က ကျင်းပသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် ကျောင်းသား ကျောင်းသူများအတွက် မိဘဆရာ ပူးပေါင်းပါဝင်ကူညီကြရန် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဓာတု၊ ရူပ၊ ဇီဝ သုံးဘာသာ ဂုဏ်ထူးရရှိသော မရွှေယမင်းဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် မသန္တာလင်းနှင့် ဆုရ ကျောင်းသား ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
တင်မြင့်(နတ်တလင်း)


