တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ဖြေဆိုသူ ၇၂၅၄၄၉ ဦးရှိ

နေပြည်တော်  ၁၂  မတ် 

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ရူပဗေဒ ဘာသာရပ်ကို ယနေ့ဖြေဆိုကြသည်။

 

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နိုင်ငံခြားစာစစ်ဌာန များတွင် ရူပဗေဒဖြေဆိုရန် စာရင်းရှိ ကျောင်းသား ၊ ကျောင်းသူ စုစုပေါင်း ၇၆၃၆၄၃ ဦးတွင် ဖြေဆိုသူ ကျောင်းသား ၊ ကျောင်းသူ စုစုပေါင်း ၇၂၅၄၄၉ ဦး ဖြေဆိုကြပြီး ဖြေဆိုရန် ပျက်ကွက်သူ ၃၈၁၉၄ ဦးဖြစ်၍ ဖြေဆိုမှုရာခိုင်နှုန်း (၉၅) ရာခိုင်နှုန်း ဖြစ် ကြောင်း သိရသည်။ 

 

(သတင်းစဉ်)