မန်ယူအသင်းနဲ့ အဲဗာတန်အသင်းတို့ နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ အဲဗာတန်အသင်းက မန်ယူအသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ  အဝေးကွင်းကို လာရောက်ကစားခဲ့ရတဲ့ အဲဗာတန်အသင်းဟာ ပထမပိုင်းပွဲကစားချိန် ၁၃ မိနစ်မှာ ဂူယီနဲ့ မိုက်ကယ်ကင်းတို့   ကစားဖော်ချင်း ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့လို့  ဂူယီကို တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခဲ့တာကြောင့် ကစားသမားတစ်ယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။

အနိုင်ရရှိ

အဲဗာတန်အသင်းဟာ  မန်ယူအသင်းရဲ့  အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် ပထမပိုင်းပွဲကစားချိန် ၂၉ မိနစ်မှာ ဒူးစ်ဘူရီဟောလ်ရဲ့ သွင်းဂိုးတစ်ဂိုးရရှိခဲ့ပြီး  အဲဒီတစ်လုံးတည်းသောသွင်းဂိုးနဲ့ပဲ  မန်ယူအသင်းကို  အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အဲဗာတန်အသင်းအနေနဲ့ မန်ယူအသင်းရဲ့  အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ အနိုင်ရရှိခဲ့ခြင်းဟာ ၁၉၉၂  ခုနှစ် နောက်ပိုင်း ဒုတိယအကြိမ်မြောက် အနိုင်ရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။

မန်ယူအသင်းကို အနိုင်ရရှိခဲ့တာကြောင့် အဲဗာတန်အသင်းဟာ  အမှတ်ပေးဇယားအဆင့်(၁၁) နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး  လီဗာပူးအသင်းအထက်မှာ ရပ်တည်နိုင်ခြင်းဟာ  ၂၀၁၅ ခုနှစ်နောက်ပိုင်း  ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

အဆင့်(၁၀)နေရာမှာ ရပ်တည်

မန်ယူအသင်းကတော့ အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် အဲဗာတန်အသင်းရဲ့အထက် ပရီမီယာလိဂ်အမှတ်ပေးဇယားအဆင့်(၁၀)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။         

ငွေကြယ်