ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့  အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ အုပ်စုအဆင့် အဖွင့်ပွဲစဉ်တွေထဲမှာ တောင်အာဖရိကအသင်းနဲ့ အီဂျစ်အသင်းတို့ဟာ နိုင်ပွဲကိုယ်စီရရှိခဲ့ပါတယ်။

အနိုင်ရရှိ

တောင်အာဖရိကအသင်းဟာ အန်ဂိုလာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး အန်ဂိုလာအသင်း ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ   တောင်အာဖရိကအသင်းအတွက်   သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ၂၁ မိနစ်မှာ အက်ပိုလစ်နဲ့ ၇၉ မိနစ်မှာ ဖော်စတာတို့က သွင်းယူပေးခဲ့တာဖြစ်ပြီး အန်ဂိုလာအသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ပထမပိုင်းပွဲကစားချိန် ၃၃ မိနစ်မှာ ရှိုးက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အီဂျစ်အသင်းကတော့  ဇင်ဘာဘွေအသင်းကို  နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အီဂျစ်အသင်းအတွက်  သွင်းဂိုးတွေကို  အိုမာမာမောက်ရှ်နဲ့ မိုဟာမက်ဆာလာတို့က  တစ်ဂိုးစီ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဇင်ဘာဘွေအသင်းအတွက် ချေပဂိုးကိုတော့   ဒူဘီကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ယှဉ်ပြိုင်ကစား

အီဂျစ်အသင်းဟာ  အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ အုပ်စု B ရဲ့ ဒုတိယပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၅ ရက်မှာ တောင်အာဖရိကအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဇင်ဘာဘွေအသင်းကတော့ အန်ဂိုလာအသင်းနဲ့   ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။

ငွေကြယ်