၂၁ ဇူလိုင်

 

တောင်အာဖရိကနိုင်ငံမှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရတဲ့အတွက် ဆေးရုံတက်ကုသခံယူနေကြောင်း ဒီနေ့(အင်္ဂါနေ့) မှာ ထုတ်ပြန်ကြေညာပါတယ်။

 

အသက် ၆၁ နှစ်အရွယ် အလုပ်သမားဝန်ကြီးနဲ့ ၆၅ နှစ်အရွယ် သယံဇာတဝန်ကြီးတို့ဟာ ဆေးရုံတက်ပြီး ကုသခံယူနေကြောင်း၊ ဆရာဝန်တွေရဲ့ ကုသမှုနဲ့ စောင့်ကြည့်မှုကို ခံယူနေကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းပတ်က ဝန်ကြီးနှစ်ဦးလုံးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိရတဲ့အတွက် မိမိတို့နေအိမ်တွေမှာ သီးသန့်စောင့်ကြည့်နေထိုင်ခဲ့ကြောင်း သိရပါတယ်။

 

တောင်အာဖရိကနိုင်ငံမှာ အခုဆိုရင် ဗိုင်းရပ်စ်ပိုးကူးစက်ခံရတဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီး သုံးဦးရှိသွားပြီလို့ သိရပါတယ်။ ကာကွယ်ရေးဝန်ကြီးကတော့ ပြန်လည်ကျန်းမာလာကြောင်း သောကြာနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု များပြားတဲ့ နိုင်ငံတွေထဲမှာ ဘရာဇီးနိုင်ငံလည်း ပါဝင်ပါတယ်။ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနဲ့ ရုရှားတို့ ပြီးရင် တောင်အာဖရိက နိုင်ငံဖြစ်နေတာကို တွေ့ရပါတယ်။

 

တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၃၇၃,၆၂၅ ဦးရှိပြီး သေဆုံးသူ ၅,၁၇၃ ဦးရှိကြောင်း တာဝန်ရှိသူတွေက ကြေညာထားပါတယ်။

 

MDN

ကိုးကား -AFP