ဆိုးလ် နိုဝင်ဘာ ၁၅
တောင်ကိုရီးယားနိုင်ငံက ကာကွယ်ရေအသုံးစရိတ်ကို တိုးမြှင့်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် အဆိုပါ အစီအစဉ်ကို ထုတ်ဖော်ပြော ကြားခဲ့သည်။
ပြီးခဲ့သည့်လ နှောင်းပိုင်းတွင် တောင်ကိုရီးယား၌ ကျင်းပခဲ့သည့် အမေရိကန်-တောင်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးဆိုင်ရာ ထုတ်ပြန်ချက်ကို နှစ်နိုင်ငံစလုံးက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဆိုးလ်သည် ကာကွယ်ရေးအသုံးစရိတ်ကို ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု၏ ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ ၂၀၃၅ ခုနှစ် မတိုင်မီ မြှင့်တင်ရန်စီစဉ်နေပြီး အမေရိကန် - တောင်ကိုရီးယား မဟာမိတ်အဖွဲ့ကို ခေတ်မီစေရန် ဆောင်ရွက်ပေးမည့် အစီအစဉ်များ ပါဝင်သည်။
တောင်ကိုရီးယား၏ ကာကွယ်ရေးအသုံးစရိတ်သည် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၅ ဘီလီယံ သို့မဟုတ် ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှု၏ ၂ ဒသမ ၃ ရာခိုင်နှုန်းခန့်ရှိသည်။
ကုန်ကျခံမည်
တောင်ကိုရီးယားအစိုးရက ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံ တန်ဖိုးရှိ အမေရိကန် စစ်ဘက်ဆိုင်ရာ ကိရိ ယာများ ဝယ်ယူရန်ကတိပြုထားသည်။ ထို့ပြင် နိုင်ငံတွင်းရှိ အမေရိကန်တပ်ဖွဲ့များကို ထောက်ပံ့ရန် အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံ ကုန်ကျခံမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


