နိုဝင်ဘာ ၇

တောင်ကိုရီးယားနိုင်ငံရှိ ဓာတ်အားပေးစက်ရုံ ဘွိုင်လာတာဝါ ပြိုကျမှုကြောင့်  အလုပ်သမား သုံးဦး သေဆုံးကြောင်း ယွန်ဟပ် သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ဖြိုဖျက်ရန်ရည်ရွယ်ထားသော မီတာ ၆၀အမြင့်ရှိ ဘွိုင်လာတာဝါသည် မြို့တော် ဆိုးလ်၏ အရှေ့တောင်ဘက် ကီလိုမီတာ ၃၁၀ ခန့်အကွာ အယ်လ်ဆန်မြို့ရှိ အပူဓာတ်အားပေးစက်ရုံတစ်ခုတွင် ယမန်နေ့က ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

အလုပ်သမား သုံးဦး သေဆုံးကြောင်း အတည်ပြုခဲ့ပြီး ယင်းအဆောက်အအုံအောက်တွင် အခြားနှစ်ဦး ပိနေသည်ကို တွေ့ရှိခဲ့ရသဖြင့် သေဆုံးသည်ဟု ယူဆရသည်။

အလုပ်သမား နှစ်ဦးကို အစောပိုင်းတွင် ကယ်ဆယ်နိုင်ခဲ့ကြောင်းနှင့် အခြားနှစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ရှာဖွေရေးခွေးများ၊ အသံရှာဖွေကိရိယာများ၊ အင်ဒိုစကုပ်များနှင့် အပူပုံရိပ်ဖော်ကင်မရာများ အပါအဝင် ရရှိနိုင်သော အရင်းအမြစ်အားလုံးဖြင့် ရှာဖွေမှုများလုပ်ဆောင်လျက်ရှိသော်လည်း ပြိုကျနေသောသံမဏိအဆောက်အအုံနှင့် ပစ္စည်းများသည် ထူထပ်စွာရောနှောလျက်ရှိသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို