နိုဝင်ဘာ ၁၀
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၄၂၅ ဦးအထက်ရှိသဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၃၈၅၈၃၁ ဦး အထိမြင့်တက်လာသည်ဟု သိရသည်။
နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုအရေအတွက်သည် သုံးရက်အတွင်း ဦးရေ ၂၀၀၀ အထက် မြင့်တက်လာခြင်း ဖြစ်သည်။
ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအနက် ၉၆၇ ဦးသည် ဆိုးလ်ဒေသခံများဖြစ်သည်။ ထို့အတူ ၈၆၃ ဦးသည် ချုံဂီပြည်နယ်မှဖြစ်ပြီး ၁၅၉ ဦးသည် အင်ချွန်မှဖြစ်သည်။
မြို့တော်မဟုတ်သည့် ဒေသများတွင်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ဖြစ်ပွားနေပြီး ပြည်တွင်းရောဂါကူးစက်ခံရသူပေါင်း ၄၂၀ သို့မဟုတ် ၁၇ ဒသမ ၄ ရာခိုင်နှုန်းရှိသည်။
ပြည်ပကူးစက်မှုဖြစ်ပွားသူ ၁၆ ဦးရှိပြီး ရောဂါဖြစ်ပွားသူဦးရေပေါင်း ၁၅၃၀၂ ဦး ရှိလာသည်။
ရောဂါကူးစက်ခံရမှုတွင် အခြေအနေစိုးရိမ်ရသူ ၃၅ ဦးမှ ၄၆၀ အထိ တိုးလာသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၁၄ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၀၁၂ ဦး အထိ ရှိသည်။ သေဆုံးမှုနှုန်း သုည ဒသမ ၇၈ ရာခိုင်နှုန်းရှိသည်။
ကိုဗစ်ကာကွယ်ဆေး အုပ်စုလိုက်ထိုးနှံမှုကို ဖေဖော်ဝါရီ ၂၆ ရက်ကစတင်လုပ်ဆောင်ခဲ့ရာ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၄၁၆၈၆၈၄၃ ဦးရှိပြီး နိုင်ငံလူဦးရေ၏ ၈၁ ဒသမ ၂ ရာခိုင်နှုန်းထိုးနှံပြီးဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူပေါင်း ၃၉၆၂၆၀၃၄ ဦးရှိပြီး လူဦးရေ၏ ၇၇ ဒသမ ၂ ရာခိုင်နှုန်း ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


