ဆိုးလ်    အောက်တိုဘာ   ၂၀

တောင်ကိုရီးယားနိုင်ငံရှိ ကာကွယ်ရေးနှင့် အာကာသဆိုင်ရာ စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း    သမ္မတ လီဂျေမြောင်က    အောက်တိုဘာ   ၂၀ ရက်တွင် ပြောကြားသည်။

ကာကွယ်ရေးကဏ္ဍသုတေသန နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်  ရန်ပုံငွေ  ဝမ်  ၃၂  ထရီလီယံနှင့် အာကာသဆိုင်ရာ  လုပ်ငန်း သုတေသနနှင့်  ဖွံ့ဖြိုးရေးအတွက်  ရန်ပုံငွေ   ဝမ်  ၇   ထရီလီယံကို သတ်မှတ်သုံးစွဲမည်ဖြစ်ကြောင်း ဆိုးလ်တွင်ကျင်းပသည့်     နိုင်ငံတကာအာကာသနှင့် ကာကွယ်ရေးပြပွဲတွင် ၎င်းကပြောကြားသည်။

နိုင်ငံအား  ကမ္ဘာပေါ်တွင် ကာကွယ်ရေးဆိုင်ရာ    စက်မှုလုပ်ငန်း ထိပ်တန်းအဆင့်ရောက်ရှိစေရေး ဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်း ကဲ့သို့သော ပြည်တွင်းလုပ်ငန်းများကို  အဆင့်မြှင့်တင်မည်ဖြစ်ကာ ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းများကို  မြှင့်တင်မည်ဖြစ်ပြီး အာကာသဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ