တောင်ငူ ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်း တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာခြင်း မပြုမီ ပြည့်စုံမှန်ကန်စေရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ မဲဆန္ဒရှင်စာရင်းများ စိစစ်စစ်ဆေး ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝင်းအတွင်းရှိ နတ်သျှင်နောင် ခန်းမနှင့် ပြည်သူ့ဝန်ဆောင်မှုရုံးတို့၌ ဆောင်ရွက်သည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့် အဖွဲ့ဝင်များ၊ တောင်ငူမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်တို့က နိုင်ငံရေးပါတီ ကိုယ်စားလှယ်များအား တွေ့ဆုံပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရန် ရပ်ကွက်၊ ကျေးရွာ အုပ်စုများရှိ ပြည်သူများ၊ ယာယီ နေရပ်စွန့်ခွာသူများ၊ မြေပြင်တွင် ပြန်လည်ရောက်ရှိသူများ၊ အသက် (၁၈)နှစ် မပြည့်သေးသောသူများနှင့် သေဆုံးသူများ ပါဝင်လာခြင်း ရှိ/မရှိ၊ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့သည်။
ခရိုင်(ပြန်/ဆက်)


